သတ္တဗေဒဌာန

မိတ္ထီလာတက္ကသိုလ်၊ သတ္တဗေဒဌာနLogo  ၏အဓိပ္ပါယ်ဖွင့်ဆိုချက်။

နောက်ခံခရမ်းရောင်၏ အဓိပ္ပါယ်မှာ တီထွင်ကြံဆနိုင်ခြင်း၊ သနားကြင်နာခြင်း၊ မှန်ကန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်းနှင့် အသိဉာဏ်မြင့်မားခြင်းတို့ကို ကိုယ်စားပြုသည်။ ကြည်ပြာရောင် ဒိုင်းပုံ၏ အဓိပ္ပါယ်မှာ တည်ငြိမ်အေးချမ်းခြင်း၊ ဉာဏ်ပညာကြီးမားခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး ကျရောက်လာမည့် အန္တရာယ်ဟူသမျှကို အကာအကွယ်ပေးနိုင်ခြင်းဟူသည့် သဘောကို ကိုယ်စားပြုသည်။အစိမ်းရောင်အခံပေါ်တွင်အဖြူရောင်မိတ္ထီလာတက္ကသိုလ်စာတန်း၏အဓိပ္ပါယ်မှာစိတ်ချမ်းမြေ့ ကြည်လင်စွာဖြင့် ပညာသင်ကြားပို့ချ/ သင်ယူနေကြသော ဤတက္ကသိုလ် ကျောင်းတော်ကြီးမှ အဖြူရောင်အလင်းတန်းကဲ့သို့ ထွန်းလင်းတောက်ပပြီး ထူးချွန်ထက်မြက် သော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ်ဟု အဓိပ္ပါယ် ဖော်ဆောင်ပါသည်။ မိုက်ခရိုစကုပ်၊ ဆဲလ်နှင့်ဒီအန်အေတို့၏ အဓိပ္ပါယ်မှာသက်ရှိတို့၏ အသေးဆုံး အစိတ်အပိုင်းဖြစ်သော ဆဲလ်နှင့် ယင်းအတွင်းရှိမျိုးရိုးဗီဇများ သယ်ဆောင်ထားသော ဒီအန်အေ အကြောင်းတို့ကို သတ္တဗေဒ နှင့်ပတ်သက်၍ အသေးစိတ် စူးစမ်းလေ့လာခြင်းနှင့် ဆင့်ကဲဖြစ်စဉ် သဘောတရားအရ ဆဲလ်တစ်ခုတည်းရှိသောသတ္တဝါ မှ ဆဲလ်များစွာဖြင ဖွဲ့စည်းထားသော သတ္တဝါအထိလေ့လာမှုကိုကိုယ်စားပြုသည်။ရေနဂါး၏အဓိပ္ပါယ်မှာ ရေနဂါးသည် ရေထဲတွင် ခန္ဓာကိုယ်ကို တည့်မတ်စွာ အထက်အောက် လှုပ်ရှားနိုင်ခြင်းနှင့် အထီးသည် ပေါက်ပွားလာမည့် သားသမီးများ ကို အမကိုယ်စား ၎င်း၏ ရင်ခွင်အိတ်အတွင်းတွင် ပြုစုစောင့်ရှောက်နိုင် သည့် ထူးခြားချက် များရှိသကဲ့သို့ မိမိတို့ဆရာ/မများကလည်းမိဘသဖွယ် လောကအသစ်သို့ရောက်ရှိ ရင်ဆိုင်တော့မည့်တပည့်များ၏ဘဝကိုတည့်မတ်စွာလျှောက်လှမ်းနိုင်အောင်ဆောင်ရွက်နိုင်ကြစေရန် ရင်ဝယ်သားပမာ လမ်းညွှန်သင်ကြားစောင့်ရှောက်ခြင်းကိုရည်ညွှန်းပြီး သတ္တလောကကိုယ်စားပြု၍ ရေနဂါးကိုဖော်ပြခြင်းဖြစ်ပါသည်။

မျှော်မှန်းချက် နှင့် ရည်မှန်းချက်

မျှော်မှန်းချက်

ကျွန်ပ်တို့ဌာနသည် အပြန်အလှန် အားဖြည့်ပေးနိုင်သော သင်ကြားရေးနှင့် သုတေသန ဆောင်ရွက်ချက်ကို ဟန်ချက်ညီညီတိုးတက်စေရန်နှင့် ဆရာ/မများအပါအဝင် ကျောင်းသား/သူများ၏ နည်းပညာများနှင့် ဆက်စပ်နေသော သင်ကြားမှု၊ သင်ယူမှုနှင့် သုတေသနစွမ်းဆောင်ရည်များ အပေါ်မြှင့်တင်ရန် ဦးတည်ထားပါသည်။

ရည်မှန်းချက်

၁။ ကျောင်းသား/သူများ လာရောက်လေ့လာချင်အောင် စွဲဆောင်နိုင်သောဌာနတစ်ခု ဖန်တီးရန်

၂။ ပိုမိုကောင်းမွန်သော သတ္တဗေဒဘာသာရပ်နှင့် ၎င်းဆက်နွယ်သော နည်းပညာရပ်များကို ကျောင်းသား/သူများ လေ့လာနိုင်ရန်အတွက် ဝန်းကျင်ကောင်းတစ်ခုထူထောင်ရန်

၃။ သိပ္ပံနည်းကျသော ပညာရေးဆောင်ရွက်ချက်များနှင့် ကျွမ်းကျင်မှုများမှ တဆင့်ကျောင်းသား/သူများ ကြားတွင်ကျင့်ဝတ်ဆိုင်ရာ အကျိုးကျေးဇူးများကို အပြန်အလှန် အလေးထားကြရန်

၄။ အထူးပြုဘာသာရပ်နှင့် သက်ဆိုင်သောလူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုများ ထူထောင်ရန်