မိတ္ထီလာ ဇန်နဝါရီ ၁၆
မိတ္ထီလာတက္ကသိုလ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား(အစမ်းလေ့ကျင့်ခြင်း အပါအဝင်)ကို (၁၆–၁–၂၀၂၀)ရက်နေ့မှ (၁၉–၁–၂၀၂၀) ရက်နေ့အထိ မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)နှင့် မော်ကွန်းထိန်းတို့ တက်ရောက်ခဲ့ကြ ကြောင်းသိရပါသည်။